Mingala Wholesale Co.,Ltd
 
စိတ်အချရဆုံးအဝယ်တော် ဝန်ဆောင်မှု
 
Hotline: 0947139578
B2B Buyer Service ဆိုသည်မှာကုမ္ပဏီလုပ်ငန်းများအတွက် သီးသန့်ရည်ရွယ်သောဝန်ဆောင်မှုတစ်ရပ်ဖြစ်ပါသည်။ မိတ်ဆွေတို့ကုမ္ပဏီအတွက်လိုအပ်သော ကုန်ပစ္စည်းများရှာဖွေပေးခြင်း၊ ဝယ်ယူရန်ချိတ်ဆက်ဆောင်ရွက်ပေးခြင်း၊ မြန်မာနိုင်ငံသို့အရောက် သယ်ယူပို့ဆောင်ရေးနှင့်အကောက်ခွန်ရှင်းလင်းခြင်းလုပ်ငန်းများကို တပါတည်းဆောင်ရွက်ပေးပါသည်။ B2B Service တွင်အောက်ပါဝန်ဆောင်မှုများလည်းပါဝင်သည်။ (၁) တရုတ်နိုင်ငံမှကုန်ပစ္စည်းမျိုးစုံရှာဖွေပေးခြင်း (၂) မိမိအစီစဉ်ဖြင့်ဝယ်ယူထားသောပစ္စည်းများအား နယ်စပ်တွင် warehouse ဖြင့်လက်ခံပေးခြင်း (၃) တရုတ်နိုင်ငံရှိကုမ္ပဏီများထံသို့ငွေပေးချေခြင်း (၄) မိမိဘာသာဝယ်ယူထားသောပစ္စည်းများအား အကောက်ခွန်ရှင်းလင်းခြင်းနှင့် မြန်မာပြည်အရောက်သယ်ယူပေးခြင်း (၅) Mingala Wholesale ဖြင့် all in one service စက်ရုံမှ မြန်မာပြည်အရောက် အပြီး အစီးဝန်ဆောင်မှုဖြင့် ကုန်ပစ္စည်းမျိုးစုံဝယ်ယူပေးခြင်း။ Mingala Wholesale ၏အားသာချက်များ (၁) မြန်မာပြည်ရဲ့အချက်အချာကျသော ရန်ကုန်မြို့နှင့် မူဆယ်မြို့တွင် ရုံးခန်းနှင့် warehouse များရှိခြင်း (၂) တရုတ်ဘာသာစကားကျွမ်းကျင်သူများခန့်အပ်ထားခြင်း (၃) လုပ်ငန်းအတွေ့အကြုံ(၃)နှစ်အထက်ရှိခြင်း (၄) ရက်ချိန်းတိကျခိုင်မာခြင်း (၅) တာဝန်ယူမှုအပြည့်အဝရှိခြင်း (၆) ဝယ်ယူသူအတွက်ငွေကြေးအထောက်အပံ့များယာယီအားဖြင့်ပံ့ပိုးပေးနိုင်ခြင်း (၇) ကုမ္ပဏီအဖြစ်ဖွဲ့စည်းထားပြီး လုပ်ငန်းခိုင်မာမှုရှိခြင်း (၈) လုပ်ငန်းများအား မိမိတို့အစီအစဉ်ဖြင့်တိုက်ရိုက်ဝယ်ယူဆောင်ရွက်ခြင်း